သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ ဂုဏ်ပြုပူဇော်ပွဲ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ရာပြည့် တက်ရောက်ကြည်ညို
ရှမ်းပြည်နယ်(တောင်ပိုင်း) သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော်ပွဲ ဂုဏပိသိဋ္ဌသဘင် အခမ်းအနားကို ဇူလိုင် ၁၀ ရက်နံနက် ၉နာရီခွဲက တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်ပြည့်မြတ်စွာဘုရား မြို့လယ်ဒမ္မာရုံ၌ ကျင်းပသည်။အခမ်းအနားသို့ ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ရာပြည့်နှင့်ဇနီး ဒေါ်သဉ္ဇာဝင်းစိန်၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်များ၊ မိခင်နှင့်ကလေးစောက်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်အသီးသီးမှ ၀တ်အသင်းများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ တောင်ကြီးမြို့ ဝေဠုဝန်စာသင်တိုက် ပဓာနနာယက မြို့နယ်သံဃနာယက ဆရာတော် ဘဒ္ဒန္တ၀ိဇယ (အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့် ပူဇော်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မျူးဗိုလ်မှူးချုပ်ရာပြည့်က သာသနာရေးဆိုင်ရာများကို လျောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား တိုင်မှူးနှင့်ဇနီးက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

0 comments:
Post a Comment