နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်
လမ်းပန်းဆက်သွယ်ရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသဖြင့် နိုင်ငံတစ်ဝန်း လမ်း၊ တံတားများကို ဦးစားပေး တည်ဆောက်ပေးခဲ့ရာ မြေသားလမ်း၃၄၉၂မိုင်၊ ကျောက်ခင်းလမ်း ၂၄၄၇မိုင်၊ ကတ္တရာလမ်းမိုင် ၄၁၀ အပြင် တံတားကြီး၊ တံတားငယ်များ အပါအ၀င် ကြိုးတံတားပေါင်း အများအပြားကို တည်ဆောက်ဖောက်လုပ်ပေးခဲ့သည်။
ဒေသခံတိုင်းရင်းသားပြည်သူများ ပညာရည်မြင့်မားပြီး အသိအမြင် ကြွယ်ဝလာသည်နှင့်အမျှ ဒေသခံဖွံ့ဖြိုးတိုးတက်မှု ရေရှည်ခိုင်ခံ့မည်ဖြစ်၍ နယ်စပ်ဒေသများ၏ ပညာရေးအခြေခံများ ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများကို တိုးချဲ့ တည်ဆောက်ပေးသည့်အပြင် ဖွံ့ဖြိုးရေးဒေသတိုင်း၌ ခုတင်(၂၀၀)ဆံ့ အထူးကုဆေးရုံများ ဖွင့်လှစ်ထားရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ပေးလျက် ရှိသည်။
နယ်စပ်ဒေသများ၌ အခြေခံအဆောက်အအုံများစွာကို တည်ဆောက်ဖြည့်ဆည်းပေးသည့်နည်းတူ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းလုပ်ငန်းများကိုပါ ဖြည့်ဆည်းဖော်ဆောင်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမြင့်မားလာခဲ့သည်။
နိုင်ငံတော်က နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ခုနှစ်ကစတင်ပြီး ကဏ္ဍအလိုက် ဖြည့်ဆည်းတည်ဆောက်ပေးခဲ့ရာယခုအထိ ငွေကျပ်သန်းပေါင်း ၁၇၈၇၈၉သန်းကျော် သုံးစွဲခဲ့ပြီးဖြစ်သည်။
နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာသည်ဖြစ်ရာ တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံတော်နှင့်အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအနှံ့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
0 comments:
Post a Comment