မုန်တိုင်းသင့် ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများအား ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေလက်ခံရာ ဌာနသို့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး လှသိန်းဆွေက လက်ခံသည်။
ဇူလိုင် ၈ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ Mr. Narakorn Sasom, Mr.Jakarit (Thailand) တို့က ငွေကျပ် တစ်သိန်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းက အမြဲတမ်းနေအိမ် ငါးလုံးအတွက် ငွေကျပ် သိန်း ၃၀၊ ဦးချို စိမ်းလဲ့မေရိပ်သာ (ရန်ကင်း)က ငွေကျပ် တစ်သိန်း၊ ဒေါ်သန်းသန်းမော် (ရွှေညောင်ပင် ၃၆၅) မြစ်ကြီးနားဘဏ်မှတစ်ဆင့် ငွေကျပ် တစ်သိန်း၊ ပြည်ပရှိ မြန်မာသံရုံး၊ ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ရုံးမှ တစ်ဆင့် စေတနာရှင်များက အမေရိကန်ဒေါ်လာ ၂၀၁၁၂၊ ယူရို ၃၇၆၁၊ စင်ကာပူဒေါ်လာ ၁၀၀၈၂၊ Swiss ဖရန့် ၁၃၀၀၊ ရူပီး ၃၁၂၅ တို့ ဖြစ်သည်။
ဇူလိုင် ၉ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးတင်ဇော်မြင့်နှင့် ဒေါ်ဥဥခင် မိသားစု သံလွင်လမ်း ကမာရွတ်မြို့နယ်က အိမ်တစ်လုံးအတွက် ငွေကျပ် ခြောက်သိန်း၊ ဦးနော်အောင် (အောင်ချမ်းသာ ကွန်စထရပ်ရှင်း အင် ဆားဗစ်ဆက် ကုမ္ပဏီလီမိတက်) စမ်းချောင်းမြို့နယ်က အမြဲတမ်းနေအိမ် အလုံး ၅၀အတွက် ငွေကျပ်သိန်း ၃၀၀၊ ဦးကျော်ဇေယျ၊ ဦးဆန်းဌေးနှင့် ဦးသန်းညို (နေပြည်တော်၊ရန်ကုန်)က ငွေကျပ် တစ်သိန်း၊ Embassy of the Union of Myanmar, Tokyo မှတစ်ဆင့် ပေးပို့ လှူဒါန်းငွေ ယူရို ၇၀၄၆၄ ဒသမ ၉၆၊ စင်ကာပူသမ္မတနိုင်ငံ အခြေစိုက် SELONIC Pte.,Ltd. ကိုယ်စား မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ တစ်ဆင့် ပေးပို့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၊ Ling Jiou Mountain Buddhist Society, Taiwan က အိမ်အလုံး ၃၅၀ အတွက် အမေရိကန်ဒေါ်လာ ၂၁၀၀၀၀ တို့ဖြစ်သည်။
ဇူလိုင် ၈ရက်နှင့် ၉ရက်တို့တွင် လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာ ငွေကျပ် ၃၄၁ သိန်း၊ အမေရိကန်ဒေါ်လာ ၂၃၁၁၀၂၊ ယူရိုငွေ ၇၄၂၂၅ ဒသမ ၉၆၊ စင်ကာပူဒေါ်လာ ၁၀၀၈၂၊ Swiss ဖရန့် ၁၃၀၀နှင့် ရူပီး ၃၁၂၅ တို့ဖြစ်ကြောင်း သတင်းရရှိသည်။