လေဘေးသင့်ဒေသ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ..................................

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကြီးမှူးကျင်းပသော ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဇူလိုင် ၇ရက်က မြစ်ကြီးနားမြို့ရှိ အဆိုပါ အသင်းရုံး၌ ကျင်းပရာ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သြ၀ါဒါစရိယ ၀န်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလ၀ံသ အမှူးပြုသည့် ပင့်သံဃာဆရာတော်ကိုးပါးတို့အား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နာယက ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး (ကချင်ပြည်နယ်တာဝန်ခံ) ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြပြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးများ ရရှိအောင် သင်ကြားပြသပေးကြသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုငွေများကို ပေးအပ်ချီးမြှင့်ကြ၍ အလှူရှင်များကလည်း ပညာရေး ရန်ပုံငွေများကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ပညာရေးမှူးက လက်ခံကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment