မုန်တိုင်းသင့်ဒေသများအတွက် ပြည်တွင်း၊ပြည်ပမှ စေတနာရှင်၊အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေလက်ခံရာဌာနသို့ ယနေ့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဌ၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနူုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
အလှူရှင်များမှာ ဦးနေလင်းအောင် (ကမ္ဘာအေးစေတီလမ်း မရမ်းကုန်းမြို့နယ်)က ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် သာယာကုန်းကျေးရွာကို စံပြကျေးရွာအဖြစ် ပြန်လည်တည်ဆောက်ထူထောင်ရန် နေအိမ်အလုံး ၆၀ အတွက် ငွေကျပ် သိန်း ၃၆၀၊သမီး ဒေါ်စန္ဒာမောင်၏ (၃၄)နှစ်မြောက် မွေးနေ့အလှူအတွက် ဦးမောင်မောင်ခင်နှင့် ဒေါ်သန်းနွယ်၊သမီး ဒေါ်စန္ဒမောင်၊သား ရန်လင်းမောင်မိသားစု [(၄) ရပ်ကွက်၊အရှေ့ရန်ကင်းမြို့နယ်]က ငွေကျပ် ငါးသောင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကျောက်တံတားမြို့နယ်)က ငွေကျပ်နှစ်သိန်း၊ဦးမောင်မောင်ဝိန်နှင့် ဒေါ်မိမိခင်မိသားစု (၂၆ x ၈၃) လမ်းထောင့် မန္တလေးမြို့က ငွေကျပ်သိန်း ၁၀၀၊ ဦးစိုးမြင့် (ငွေဆင်ကုမ္ပဏီလီမိတက်)က ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌ နေအိမ် ၁၀၈ လုံးတည်ဆောက်ရန် ငွေကျပ် ၆၄၈ သိန်း အပါအ၀င် အလှူငွေကျပ် ၁၁၁၀၅၀၀၀၀ လှူဒါန်းကြကြောင်း သတင်းရရှိသည်။