ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့်ဇနီး ဒေါ်ကြည်ကြည်ဝင်းတို့အား အမှူးထား၍ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ ပထမအကြိမ် မိသားစု ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်တပ်ကုန်း ဆရာစံရပ်ကွက် ကျောင်သစ်ကျောင်းတိုက်ရှိ ဝေဇယန္တာ ဓမ္မာရုံကြီး၌ ကျင်းပရာ ကျောင်းသစ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းနှင့် ဇနီး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။