မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့ လုပ်ငန်းညှိုနှိုင်းအစည်းအဝေး(၃/၂၀၀၈)ကျင်းပ
မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့ လုပ်ငန်းညှိုနှိုင်းအစည်းအဝေး(၃/၂၀၀၈)ကို ဇူလိုင် ၁၅ ရက်ညနေ၃ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် သဘာပတိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီဥက္ကဌ၊ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို (၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအနေဖြင့် လူ့အခွင့်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ငန်းအဖွဲ့လိုက်တင်ပြစေလိုကြောင်း၊လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Workshop) များကို ကျင်းပရန်ရှိကြောင်း၊အာဆီယံလူ့ခွင့်ရေးအဖွဲ့ ဖြစ်ပေါ်လာစေရေးအတွက်လည်း လိုအပ်သည့်အချက်လက်များကို ထည့်သွင်း စဉ်းစားဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူ့ခွင့်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့များက မိမိတို့၏လုပ်ငန်းအလိုက် လူ့အခွင့်အရေးဆိုင်ရာ ပိုမိုတိုးတက်ရရှိစေရန်အတွက် ဆောင်ရွက်ထားရှိသည့် အချက်လက်များကို တင်ပြဆွေးနွေးပြီး သဘာပတိဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

0 comments:
Post a Comment