ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချပ်ကျော်ဆွေသည် ဇူလိုင် ၄ရက် နံနက် ၇နာရီက တာဝန်ရှိသူများလိုက်ပါလျက် ကျောင်းကုန်းမြို့နယ် ဂုံမင်းကျေးရွာအုပ်စု၌ ကျင်းပသော မိုးစပါး စုပေါင်းထွန်ယက်စိုက်ပျိုးပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ မြို့နယ်ဥက္ကဋ္ဌ ဦးဥာဏ်လှိုင်က မြို့နယ်၏ မိုးစပါးလျာထားချက်နှင့် စိုက်ပျိုးပြီးစီးမှု အခြေအနေများကို လည်းကောင်း ၊ တိုင်းမြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်တင်မြင့် တိုင်းအတွင်း မိုးစပါးလျာထားချက်၊ ခရိုင်အလိုက် လျာထားချက်နှင့် စိုက်ပျိုးပြီးစီးမှု၊ အထွက်ကောင်းစပါးများ ပြောင်းလဲစိုက်ပျိုးမှု ၊ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း တင်ပြရာ ၊ တိုင်းမှူးက လိုအပ်သည်များ မှာကြားသည်။