ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဘုန်းကြီးကျောင်းများ ပြန်လည်ပြုပြင်ရန် အလှူငွေပေးအပ်
ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့် ဘုန်းကြီးကျောင်းများအတွက် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ (သာသနာ့ တက္ကသီလ မဟာစရိယ M.A) က န၀ကမ္မ အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်၆ရက် နံနက် ၉နာရီက ဧရာဝတီတိုင်း ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။ရှေးဦးစွာ ဧရာဝတီတိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ၀ိလာသ အဂ္ဂမဟာပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လက ကြွရောက်ချီးမြှင့် တော်မူကြသော ပုသိမ်မြို့ပေါ်ရှိ ပဓာနနာယက ဆရာတော်ကြီးကိုးပါးအား ၀ါဆိုသင်္ကန်းနှင့် န၀ကမ္မအလှူတော်ငွေ ကျပ် တစ်သိန်းစီ လှူဒါန်းပြီး ဓမ္မစေတီဆရာတော် ကိုယ်စား ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ဦးကျော်ဆန်း၏ဇနီး ဒေါ်ရီရီအောင်၊ တိုင်းအဖွဲ့ဝင် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရတင်လှ၏ဇနီး ဒေါ်မြမြလွင်တို့က ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့် ဘုန်းကြီးကျောင်းများအတွက် န၀ကမ္မအလှူငွေကျပ် သိန်း၁၀၀ကို တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။
0 comments:
Post a Comment