ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးကို ဇူလိုင် ၁၀ရက်နှင့် ၁၁ရက်တို့တွင် နံနက် ၈နာရီမှ ညနေ ၃နာရီအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင် ၊ သာသနာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
0 comments:
Post a Comment