

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ စတုတ္ထအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။ လှူဒါန်းပွဲသို့ မဟာဗောဓိစာသင်တိုက် စာချနာယက မဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ (ဒီဃဘာဏက) အမှူးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်တော်မူကြပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်း ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်များ၊ အထူးဖိတ်ကြားထားသူများ၊ ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ ၊ အဖွဲ့ချုပ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မဟာဗောဓိစာသင်တိုက် စာချနာယက မဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ (ဒီဃဘာဏက)ထံမှ ဧည့်ပရိတ်သတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။
0 comments:
Post a Comment