အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ၂၀၀၈ခုနှစ် ဒုတိယအကြိမ် နေပြည်တော် ၀န်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အမှတ်(၁) နေပြည်တော်အားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်၍ အားပေးချီးမြှင့်သည်။
အဆိုပါ ဒုတိယအကြိမ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ၊ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းခေါင်းဆောင်များ၊ နေပြည်တော်ရှိ ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းမိသာစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ကြသည်။