ဆဌမကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပဉ္စမကြိမ်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး
ဆဌမအကြိမ် နိင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တွင် နံနက် ၈ နာရီမှ ညနေ ၃နာရီအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်သူရမြင့်မောင်၊သာသနာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြည်ညိုကြသည်။
ဆဌမအကြိမ် နိင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး ပထမနေ့အစီအစဉ်များကို ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီတွင် စတင်ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် အဘိဓဇ မဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကုမာရ၏ ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအစည်းအဝေး၌ အစည်းအဝေးဖွင့် သာရဏီယသြ၀ါဒကထာကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ညောင်တုန်းဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက ဘဒ္ဒန္တ သြသဓာဘိဝံသက ဖတ်ကြားတော်မူသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကာဘိဝံသက ဆဌမကြိမ် တာဝန်ကျရာအဖွဲ့(တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တင်သွင်းလျှောက်ထားသည်။
ဆဌမအကြိမ် နိင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့အစီအစဉ်များကို ယနေ့နံနက် ၈ နာ၇ီတွင် ဆက်လက်ကျင်းပရာ ဆဌမကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ တင်ပြလျှောက်ထားချက်များအနက် ၀ိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ ဘန္တန္တသံဝရက လည်းကောင်း၊သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာဂန္တ ၀ါစကပဏ္ဍိတ ဘဒ္ဒန္တကုဏ္ဍလည်းကောင်း၊ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္ပ ဇောတိကဓဇဘဒ္ဒန္တ ဝေပုလ္လာဘိဝံသက လည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။
ထို့နောက် အစည်းအဝေးကို မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည်ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြလာသောကိစ္စရပ်များ၊ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များကို ဇာဂရာဘိဝံသက ဆဌမကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ပထမကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၌ ဝေဖန်ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ်ပြန်လည်ရှင်းလင်း လျှောက်ထားပြီး အစည်းအဝေး၏ အတည်ပြုချက်ရယူကာ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အစချီနှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုလျက် ညနေ ၃ နာရီတွင် ဆဌမကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသွားသည်။
ဆဌမကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမကြိမ်အစည်းအဝေး ပထမနေ့တွင် အလူရှင်များအဖြစ် ဦးကြည်ညွန့် ဒုတိယ၀န်ကြီး (အငြိမ်းစား) ၊ဒေါ်အေးမြင့် မိသားစု၊လသာမြို့နယ် လသာလမ်းမှ ဦးဝင်သင်း မိသားစုနှင့် ဆရာတော် ဘဒ္ဒန္တမာနိတအား အမှူးထား၍ တပည့်ဒါယကာ၊ဒါယိကာမများကလည်းကောင်း၊ဒုတိယနေ့တွင် ကွယ်လွန်သူ ဗိုလ်မှူးကြီးလှဘုန်း(ငြိမ်း) နှင့်ဇနီး ဒေါ်တင်တင်တို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုများ (အနောက်မေခလမ်းသွယ်(၂) မရမ်းကုန်းမြို့နယ်)နှင့် ဒေါ်ခင်ဆွေလှိုင် မိသားစု(ကမ္ဘောဇရိပ်သာ ကုက္ကိုင်း ဗဟန်း မြို့နယ်)တို့က နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကြသည်။
0 comments:
Post a Comment