ပြန်ကြားရေးဌာန၀န်ကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံစာကြည့်တိုက်ပညာသင်တန်း(၁/၂၀၀၈)ဆင်းပွဲကျင်းပ
ပြည်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၀၈)ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ရုံးအဖွဲ့မှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊သင်တန်းနည်းပြများ၊၀န်ထမ်းများနှင့် သင်တန်းသား၊သင်တန်းသူ ၅၄ ဦးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သင်တန်းဆင်း မှာစကားပြောကြားရာ၌ ဤအခြေခံစာကြည့်တိုက်ပညာသင်တန်းကို ရည်ရွယ်ချက် (၃)ရပ် ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်းရည်ရွယ်ချက်(၃)ရပ်မှာ-
(၁) အမျိုးသားအကျိုးစီးပွားဘက်တော်သား၊အရည်အသွေးမြင့်မားသည့် မီဒီယာသမားကောင်းများဖြစ်လာစေရန်၊
(၂)ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊
(၃)စာကြည့်တိုက်ပညာကို တတ်ကျွမ်းနားလည်ပြီး အရည်အသွေးမြင့်မားသော စာကြည့်တိုက်မှူးကောင်းများ ပေါ်ထွန်းလာစေရန် တို့ပင်ဖြစ်ကြောင်း။
ယင်းရည်ရွယ်ချက် (၃)ရပ် အောင်မြင်ရေးတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့ နယ်မြေကို ပြန်ရောက်ကြသည့်ခါတွင် သင်ကြားတတ်မြောက်လာသည့် စာကြည့်တိုက်ပညာများကို လက်တွေ့အသုံးချကြစေလိုကြောင်း၊ သို့မှသာမိမိတို့၏ စာကြည့်တိုက်လုပ်ငန်းအပြင် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တည်တံ့အောင် ဆောင်ရွက်သည့်နေရာတွင်အ ထောက်အကူ ရရှိလာမည်ဖြစ်သည်ဟု တိုက်တွန်းမှာကြားလိုကြောင်း၊အားကြိုးမာန်တက် လုပ်ဆောင်ရာတွင်လည်းမိမိတို့ကိုယ်တိုင်က ကြိုးစား၊ဖြည့်ဆည်း၊လေ့လာပျိုးထောင်သွားကြရန်လိုကြောင်း၊ယင်းသို့ လုပ်ငန်းများတိုးတက်ထိရောက် အောင်မြင်စေရန်-
(၁) Active သွက်လက်ရန်၊
(၂) Dynamic ထက်မြက်ရန်၊
(၃) Inititive ထိုးထွင်းကြံဆ ဆန်းသစ်ရန် လိုအပ်ကြောင်း။
ယနေ့ခေတ် ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးနိုင်ငံတချို့သည် အခြားသောနိုင်ငံငယ်လေးများ၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် မီဒီယာများဖြင့် ထိုးဖောက်ကြိုးကိုင် ခြယ်လှယ်နိုင်အောင် ကြိုးစားအားထုတ်နေကြကြောင်း၊ယင်းသို့ ခြယ်လှယ်မှုမခံရအောင် မိမိတို့ နိုင်ငံသားများသည် အသိပညာဗဟုသုတ ကိုယ်ခံအားကောင်းရန်လိုကြောင်း၊ကိုယ်ခံအားကောင်းစေရေးအတွက် ခေတ်နှင့်အညီဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို စာပေဗဟုသုတ ကြိုးစားရှာဖွေ လေ့လာခြင်း ဖြင့် ဖြည့်ဆည်းကြရမည်ဖြစ်ကြောင်း၊စာပေဗဟုသုတများ အလွယ်တကူ ဆတ်ရှု့လေ့လာနိုင်အောင် တစ်ပြည်လုံးရှိ ကျေးရွာအားလုံးတွင် စာကြည့်တိုက်များ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ယင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်လိုကြောင်း၊ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တွင် တကယ် Function ဖြစ်အောင် လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊အဆိုပါ လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်ရေးတွက် အား(၄)အား ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ယင်းလုပ်ငန်းစဉ်များသည် တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ဖော်ဆောင်နေသော အမျိုးသားရေးတာဝန် တစ်ရပ်ပင်ဖြစ်ကြောင်း၊သို့ဖြစ်ပါ၍ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတွက် သက်ဆိုင်ရာ ဒေသလိုက် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းကာ စနစ်တကျ ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။
အထောက်အကူပြုစွမ်းဆောင်ပေး
နိဂုံးချုပ်အနေဖြင့် မှာကြားလိုသည်မှာ သင်တန်းသား၊သင်တန်းသူများအနေဖြင့် ဤသင်တန်းကို တက်ရောက်ခြင်းသည် မိမိတို့အတွက် မှတ်တိုင်တစ်ခုအနေဖြင့် ဗဟုသုတကျွမ်းကျင်မှု၊အတွေးအခေါ်၊စိတ်ပိုင်းဆိုင်ရာသဘောထားအားလုံးကို အလေးအနက်ထားပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်သွားကြပါ။ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ၂၀၀၈-၂၀၀၉ ခုနှစ် ရည်မှန်းချက်တာဝန်(၁၁)ရပ်ကို ၀န်ထမ်းများလိုက်နာရမည့် လုပ်ငန်းစဉ်(၁၄)ချက်နှင့်အညီ ဆက်လက်အောင်မြင်အောင် အကောင်ထည်ဖော်ဆောင်ရွက်သွားကြပါ။ နိုင်ငံတော် ၏ စီးပွားရေး၊လူမှုရေးဦးတည်ချက်များ အောင်မြင်လာစေရေး၊လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေးတွက် စာကြည့်တိုက်ပညာဖြင့် အထောက်အကူပြု စွမ်းဆောင်ပေးကြပါဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသွားသည်။
0 comments:
Post a Comment