ဧရာဝတီတိုင်း လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ကူညီ ဆောင်ရွက်ကြမည့် ပြည်နယ်၊ တိုင်းများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များအား ယနေ့နံနက် ၁၁နာရီခွဲတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်ရုံးခန်းမဆောင်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး လူငယ်ရေးရာတာဝန်ခံ ဦးသိန်းဇော်က တွေ့ဆုံအမှာစကားပြောကြားသည်။