လေဘေးသင့်ပြည်သူများအတွက် အလှူငွေများဆက်လက်လှူဒါန်း
လေမုန်တိုင်း တိုက်ခတ်ခံရသော ဒေသများအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများအား ဆက်လက်လှူဒါန်းလျက်ရှိရာ ယနေ့ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) မုန်တိုင်းဒဏ်သင့်ဒေသ ပြည်သူများအတွက် အလှူငွေလက်ခံရာဌာန၌ အလှူရှင်များမှ လှူဒါန်းကြသော အလှူငွေများအား ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
လှူဒါန်းကြသော အလှူရှင်များမှာ ZBT Company Limited ကမာရွတ်က ငွေကျပ်၇၂၁ သိန်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က အိမ် ၈၁ လုံးအတွက် အလှူငွေကျပ် ၄၈၆ သိန်း၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အိမ် ၇၅လုံးအတွက် ငွေကျပ်သိန်း ၄၅၀၊ ဦးစောမြင့်မောင်နှင့် ဒေါ်တင်နွဲ့ဦး၊ သမီး သီရိရတနာစောတို့က အိမ်တစ်လုံးအတွက် ငွေကျပ် ခြောက်သိန်း၊ပြည်ပရှိ မြန်မာသံရုံး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးများက ငွေကျပ်သုံးသောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်းနှင့် ဇနီး၊ ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစုများက ငွေကျပ် ၁၈၂၇၀၀၀ နှင့် ပြည်ပရှိ မြန်မာသံရုံး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးများက အမေရိကန်ဒေါ်လာ ၃၂၆၄၃၊ ယူရို ၆၂၉၀၊ စင်ကာပူဒေါ်လာ ၁၅၆၀၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ရုံးချုပ်)ရှိ ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစုများက အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာ တို့ဖြစ်ပြီး ယနေ့ လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာ ငွေကျပ် ၁၆၈၁၅၇၀၀၀၊ အမေရိကန်ဒေါ်လာ ၃၂၆၅၃၊ ယူရို ၆၂၉၀နှင့် စင်ကာပူဒေါ်လာ ၁၅၆၀ တို့ဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment