မုန်တိုင်းသင့်ပြည်သူများအတွက် အလှူငွေများ ဆက်လက်လှူဒါန်း
မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေ လက်ခံရာဌာနသို့ ဇွန် ၂၇ ရက်က လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေး ဆပ်ကော်မတီဥက္ကဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး လှသိန်းဆွေက လက်ခံသည်။
အလှူရှင်များမှာ လက်ပံတန်းမြို့နယ် သာရဝေကျေးရွာအုပ်စု ကုလားချောင်းကျေးရွာမှ စေတနာရှင် ပြည်သူများက ငွေကျပ် ၁၁၀၀၀၀၊ ဒုတိယဗိုလ်မှူးကြီးတင်ဟန်(ရေ)အား ရည်စူးလျက် ဇနီး ဒေါ်လွင်လွင်ဦး မိသားစု တာမွေမြို့နယ်က ငွေကျပ် သုံးသိန်း၊ ဦးရွှေသန်းနှင့် ဒေါ်သိန်းညွန့်စိန် မိသားစု ကမ္ဘာအေး (မရမ်းကုန်းမြို့နယ်)က ငွေကျပ် ၁၀၈၀၀၀နှင့် ကိုရီးယားသမ္မတနိုင်ငံ မြန်မာသံရုံးမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉၃၅၈၃ ဒသမ ၃၉ တို့ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment