ဒေးဒရဲမြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်
ဒေးဒရဲမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်ပွဲကို ဇွန် ၂၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်း၊ ဒုတိယ၀န်ကြီး ဦးဖေသန်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အလှူရှင်များ တက်ရောက်ကြသည်။
လှူဒါန်းပွဲတွင် China National Complete Plant- Yunnan Co., Ltd. မှ Mr. Zheng Hui က လှူဒါန်းရခြင်း အကြောင်းကို ပြောကြားပြီး ငွေကျပ် သိန်း ၁၅၀ ကို လှူဒါန်းရာ ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment