မက္ကဆီကိုပင်လယ်၌ မုန်တိုင်းတိုက်ခတ်နေအိမ်များပျက်စီး၊ ရေနံလုပ်ငန်းမျာ့းရပ်ဆိုင်း
မက္ကဆီကိုနိုင်ငံ ကမ်းလွန်ရှိ မက္ကဆီကိုပင်လယ်ကွေ့တွင် ဇွန် ၂၆ ရက် နံနက်ပိုင်းက မုန်တိုင်းတိုက်ခတ်ရာ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ မိုးလေ၀သဌာနမှ သတင်းထုတ်ပြန်သည်။
ရပ်ဆိုင်းထား
အဆိုပါမုန်တိုင်းသည် တစ်နာရီလျှင် ၆၅ မိုင်နှုန်း တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး မက္ကဆီကိုနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ယင်းမုန်တိုင်းကြောင့် ပင်လယ်ပြင်တွင် ၁၀ ပေခန့် မြင့်သော လှိုင်းလုံးများဖြစ်ပေါ်ခဲ့ရာ ပင်လယ်ပြင်၌ သင်္ဘောများသွားလာမှု ရပ်ဆိုင်းထားခဲ့ရသည်။ရပ်ဆိုင်းထား
မုန်တိုင်း တိုက်ခတ်မှုကြောင့် မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ဘက် မွန်ထရီမြို့တွင် နေအိမ်များပျက်စီးကာ ဓာတ်တိုင်များပြိုလဲပြီး မိုးသည်းထန်မှုကြောင့် ရေလွှမ်းမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင့် သိရသည်။
0 comments:
Post a Comment