၂၀၀၈ ခုနှစ် ဇူလိုင် ၃ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်ခင်ဝင်း၊ဒုတိယဥက္ကဌ ဒေါ်ခင်သက်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ၊ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြင်မြိုင်နှင့် အဖွဲ့ဝင်များ၊လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်ခင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲကိုကျင်းပရာ သဘာပတိအဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အသိပညာရှင်၊အတတ်ပညာရှင်များအဖွဲ့ဝင် ဒေါက်တာခင်အုန်းသန့်က ဆောင်ရွက်ပြီး စာတမ်းရှင် ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ ပါမောက္ခဒေါက်တာဒေါ်ခင်စန်းရီက မြန်မာနိုင်ငံ အသေးစားဘဏ္ဍာရေးလုပ်ငန်းဖွဲ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများကဏ္ဍ စာတမ်းကို လည်းကောင်း၊စာတမ်းရှင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်ထားမေက လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် အမျိုးသမီးရေးရာ အခန်းကဏ္ဍ အခန်းကဏ္ဍ စာတမ်းကိုလည်းကောင်း၊စာတမ်းရှင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် တိုင်းရင်းသားရေးရာ လုပ်ငန်းအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီက မြန်မာအမျိုးသမီးများ၏အားကစားနှင့် ကျန်းမာရေး စာတမ်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းကြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များက ပြန်လည်ဖြေကြားပြီး စာတမ်းဖတ်ပွဲကို ခေတ္တရပ်နားသည်။
မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် အမျိုးသားစာပေဆုများရှင် စာရေးဆရာမကြီး ဒေါက်တာဒေါ်တင်ဝင်း (ဒေါက်တာမတင်ဝင်း)က ဆောင်ရွက်ပြီး စာတမ်းရှင် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (အငြိမ်းစား)ဒေါ်ထူးထူးအောင်က လူတိုင်းတွက် ပညာရေးနှင့် မြန်မာနိုင်ကငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အခန်းကဏ္ဍ စာတမ်းကိုလည်းကောင်း၊စာတမ်းရှင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် စာပေပညာဌာနမှ လက်ထောက်ကထိက ဒေါက်တာဒေါ်လဲ့လဲ့အောင်က အမျိုးသားယဉ်ကျေးမှုနှင့် မြန်မာအမျိုးသမီးများ၏ကဏ္ဍ စာတမ်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းကြကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များက ပြန်လည်ဖြေကြားပြီး စာတမ်းဖတ်ပွဲကို ရုပ်သိမ်းလိုက်သည်။