တီယူ-၂၀၄ နှင့် တီယူ-၂၁၄ အမည်ရှိ ခရီးသည် ၁၀၀တင်ဆောင်နိုင်မည့် လေယာဉ်ကို အီရန်နိုင်ငံတွင် ပူးတွဲ ထုတ်လုပ်ရန် အီရန်နှင့် ရုရှားနိုင်ငံတို့က ပဏာမအားဖြင့် သဘောတူညီမှု ရရှိထားကြောင်း အီရန်ရုပ်မြင်သံကြားဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။
ရုရှားကျွမ်းကျင်သူများက နည်းပညာ စွမ်းအင်နှင့် အီရန်လေကြောင်းပျံသန်းရေးအဖွဲ့ (အိုင်အေအိုင်အို)မှ လူအရင်းအမြစ် အခြေအနေများကို လေ့လာပြီးနောက် ရုရှားက ဖော်ပြပါ ခေတ်မီလေယာဉ်များကို အီရန်တွင် ထုတ်လုပ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု အိုင်အေအိုင်အိုမှ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးအလီအက်ဘာကို ကိုးကား၍ ရုပ်မြင်သံကြားက ဖော်ပြသည်။
ရုရှားနှင့်အီရန်တို့က အီရန်အတွက် ခရီးသည် ၂၁၀ သယ်ဆောင်နိုင်သည့် အလယ်အလတ်စားလေယာဉ်တည်ဆောက်ရန် စီမံကိန်းကို ဆွေးနွေးလျက်ရှိပြီး လေယာဉ်အစိတ်အပိုင်းများကို ထုတ်လုပ်ရန်၊လေယာဉ်စမ်းသပ်ပျံသန်းရန်၊ပြုပြင်ထိန်းသိမ်းမှု ဌာနတည်ထောင်ရန်ကိစ္စကိုလည်း ညှိနှိုင်းကြသည်။