ရေနံပိုက်လိုင်းကို သူပုန်တို့ တိုက်ခိုက် ကိုလံဘီယာ၌ ရေနံပို့မှု ရပ်ဆိုင်း
ကိုလံဘီယာနိုင်ငံတွင် အဓိကအရေးပါသည့် ရေနံပိုက်လိုင်းကို သူပုန်တို့က တိုက်ခိုက်ပြီးနောက်ဗင်နီဇွဲလားနိုင်ငံနှင့် ထိစပ်လျက်ရှိသော ဒေသများတွင် ရေနံပို့ဆောင်နေခြင်းကို ကိုလံဘီယာရေနံကုမ္ပဏီ(အီကိုပက်ထရို)က တနင်္လာနေ့တွင် ရပ်ဆိုင်းလိုက်သည်။
ပျက်စီး
အရာအူကာပြည်နယ်နှင့် စန်တန်ဒါပြည်နယ်တို့တွင် ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (အက်ဖ်အေအာစီ) သူပုန်များက တိုက်ခိုက်ခြင်းကြောင့် ရေနံပိုက်လိုင်းပျက်စီးသွားသည်ဟု အီကိုပက်ထရိုကုမ္ပဏီက သတင်းထောက်များအား ပြောကြားသည်။
အဆိုပါ ပျက်စီးသွားသော ပိုက်လိုင်းသည် နိုင်ငံ၏ အရှေ့ပိုင်းမှ အနောက်ပိုင်းသို့ နေ့စဉ်ရေနံစည် ၉၆၀၀၀ ပေးပို့လျက်ရှိသည်ဟု အီကိုပက်ထရို၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

0 comments:
Post a Comment