အီရတ်နိုင်ငံ တောင်ပိုင်းတွင် တိုက်ခိုက်ရေးကဏ္ဍများ၌ တာဝန်ကျနေသည့် သြစတြေးလျတပ်ဖွဲ့ဝင် ၈၀ သည် နောက်ဆုံးသုတ်အဖြစ်ဌာနေသို့ ဇွန် ၂၂ ရက်တွင် ပြန်လည်ရောက်ရှိလာသည်။အီရတ်နိုင်ငံမှ သြစတြေးလျ တပ်ဖွဲ့များအားလုံးကိုဌာနေသို့ ပြန်လည်ခေါ်ယူမည်ဟု ၀န်ကြီးချုပ် ကီဗစ်ရုဒ်၏ ကတိကို ဖြည့်စွမ်းသည့်အနေဖြင့် တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူခြင်းဖြစ်သည်။

ဘရစ်ဘိန်းလေဆိပ်၌ ဌာနေသို့ ပြန်လည်ရောက်ရှိလာသည့် သြစတြေးလျ တပ်ဖွဲ့ဝင်များကို မိသားစုများနှင့် မိတ်ဆွေများက အားရ၀မ်းသာစွာ ကြိုဆိုခဲ့ကြသည်။
အီရတ်တွင် သြစတြေးတေးလျ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ကို တိုက်ခိုက်ရေးကဏ္ဍမဟုတ်သည့် လုပ်ငန်းတို့၌ ဆက်လက်ထားရှိသည်။
အီရတ်နိုင်ငံအလ်မူသာနာနှင့်ဒီကွာပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်ထားသည့်သြစတြေးလျတပ်ဖွဲ့ဝင်များသည် အီရတ်လုံခြုံရေး တပ်ဖွဲ့များသို့ တာဝန်များ လွှဲပြောင်းပေးခဲ့သည်။