့ပြည်သူက မြန်မာ့ ဒီမိုကရေစီလမ်းကို အခုလို ခင်းပေးခဲ့ ပြီဖြစ်တယ်။ ပြည်သူအများစုဆန္ဒ ကို လေးစားလိုက်နာခြင်းဟာ ဒီမိုကရေစီအဆန်ဆုံး ဖြစ်တယ်။ ပြည်သူ့ ဆန္ဒကိုကဖျက်ယဖျက် မလုပ်သင့်ကြပါ။ ပြည်သူ့ ဆန္ဒကို ဆန့် ကျင်နှောင့်ယှက်ခြင်းဟာမိမိတို့ ကိုယ်မိမိတို့ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ရာရောက်သွားမှာပါ။
ဒီမိုကရေစီ ဆိုတဲ့စကား(Democracy)ဟာ အင်္ဂလိပ်တို့က မူရင်းဂရိဘာသာစကားလုံး ဒီမိုကရာတော့စ်(Demo-Kratos) ကိုမှိးပြီး တီထွင်လိုက်တဲ့ဝေါဟာရပါ။ ဒီမိုကတော့ သိကြတဲ့အတိုင်း ပြည်သူ၊ အများပြည်သူဖြစ်ပြီး၊ ကရာတော့စ်က လူများစုကောင်းကျိုး( လုံခြုံအေးချမ်းရေး၊ စားဝတ်နေမှုဖူလုံရေး၊ နိုင်ငံစီးပွားဖွံ့ တိုးတက်ပြီး ပြည်သူတို့ရဲ့ လူနေမှု အဆင့်အတန်း မြင့်တက်လာရေး) ကို လူများစု(ပြည်သူအများစု)ရွေးချယ်တဲ့ လမ်းစဉ်၊ မူဝါဒတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခွင့် )ဆိုတဲ့ ပြည်သူဧရာမ များရာစုကြီးရဲ့ လွတ်လပ်စွာဆုံးဖြတ်ခွင့်ကို ဆိုလိုတာပါ။
ကမ္ဘာ့ ဒီိမိုကရေစီလမ်းကြောင်း ကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၀၀ ကျော်( ခရစ်မပေါ်မီ ဘီစီနှစ် ၆၀၀) က အေသင်(ဂရိ)၊ ရောမ( ယနေ့အီတလီ)၊ စပါတာမြို့ပြနိုင်ငံကလေးသုံးခုမှာ စတင်ပြီး ကျင့်သုံးခဲ့တဲ့ဒီိမိုကရာတော့စ်ကို အစောဆုံးခြေရာခံမိမှုာပါ။ အေသင်မြို့ပြနိုင်ငံမှာ အဲဒိတုန်းက လူသုံးသိန်း လောက်ရှိရာမှာ တစ်သိန်းလောက်ကျွန်တွေဖြစ်နေလို့ ဒီမိုကရေစီ အခွင့် အရေး မရကြပါဘူး။ လူငါးသောင်းလောက်ကလည်း တခြား နိုင်ငံက လာရောက်စီးပွားရှာတဲ့သူတွေ(ဒီနေ့ခေတ် FRC ခေါ်နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ) ဖြစ်လို့ ဒီမိုကရာတော့စ်လုပ်ငန်းစဉ်မှာ ပါဝင် ခွင့်မရှိပါဘူုး။
အေသင်မြို့ ပြ နိုင်ငံသားစစ်စစ်တွေ ( တစ်သိန်းခွဲ ခန့် ) ထဲမှာလဲအမျိုးသမီး တွေ ပါဝင်ခွင့် မရပါဘူး။ အသက်၂၀ ပြည့်ပြီး၂၁ နှစ်ထဲရောက်နေတဲ့အမျိုးသားတွေသာ ဒီမိုကရာတော့စ်လုပ်ငန်းရပ်ကြီးမှာ ပါဝင်ခွင့် ရှိတယ်။ ၂၁ နှစ်အရွယ် အမျိုးသားပေါင်း လေးသောင်းရှိတာမှာလူထု အစည်းအဝေး (တစ်နှစ်လျှင်ဆယ်ချိန်) ကို လူတိုင်းမတက်နိုင်လို့ လူ၆၀၀၀တက်လျှင် အစည်းအဝေး ထမြောက်ပြီလို့ လျှော့လျှော့ပေါ့ပေါ့ သတ်မှတ်ခဲ့ရတယ်။ အဲဒီ ၆၀၀၀ကျော် အနက် ၃၀၀၀ကျော်(ထက်ဝက်ကျော်ရုံ)က ထောက်ခံမဲပေးရင် ဆုံးဖြစ်ချက်ချနိုင်တယ်။ လူုဦးရေ သုံးသိန်း ရှိတဲ့ အေသင် မြို့ပြ နိုင်ငံမှုာ လူု ၃၀၀၀ကျော်ရုံကထောက်ခံ ရင်ဆုံးဖြတ်လို့ရပြီ။ သေသေချာချာ တွက်ကြည့်ရင် လူဦးရေအားလုံးရဲ့တစ်ရာခိုင်နူုန်း က အဆုံးအဖြတ်ပေးနေတဲ့စနစ်ပါ။
ဒါပေမယ့် အဲဒီအချိန် ကမ္ဘာ့လူုများစုကြီးက ကျေးပိုင်၊ ကျွန်ပိုင် ဧကရာဇ်ကြီး များအောက်မျာ ကျွန် ဖြစ်နေရချိန် အခြားနိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ ပုံစံသစ်တွေ စမ်းသပ်ကြည့်ခဲ့ပါတယ်( ဥပမာ-နန်းလုမင်းများ၊ မှူးမတ်များရဲ့ အုပ်ချုပ်ရေးပုံစံမျိုးပါ)။ သို့သော် ပြည်သူအတွက် ဘယ်စနစ်မှ ရေရှည် အကျိုးမရှိဘူးလို့ တွေ့လာကြရပါတယ်။နိုင်ငံလုံခြုံရေး ၊ ကာကွယ်ရေး၊ အခွန် ကောက်ခံရေး၊ တရားစီရင်ရေးကိစ္စရပ်မျာကို လူထုအစည်းအဝေးကြီးများက ဆုံးဖြတ်ပေးကြပါတယ်။ ကမ္ဘာမှာပြည်သူ တွေကိုယ်တိုင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ တိုက်ရိုက် ရွေးချယ် ဆုံးဖြတ် ဆောင်ရွက်ခွင့် (ပြည်သူတွေ မိမိတို့ကောင်းကျိုး အတွက် မိမိ တို့ ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ချမှတ် ဆောင်ရွက် ခွင့် ) ရတဲ့ အတွက် အဲဒီတိုက်ရိုက် ဒီမိုကရေစီဟာ ပြည်သူကြိုက် စနစ်တစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီ တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံး ကြရာမှာ ပင်လယ်ရပ်ခြား ရွက်သင်္ဘောများနှင့်ကုန်သွယ် နေတဲ့ ကြေးရတတ်လူတန်စား၊ ပြည်တွင်း မှာပဲထုတ်လုပ်ထွက် ရှိသမျှသီးနှံတွေ၊ ကုန်ပစ္စည်းတွေကိုဝယ် ၊ လှောင်ဈေး
တင်ရောင်းရင်း ကြွယ်ဝလာတဲ့ ကုန်သည်လူတန်းစား (လူရတက်များ)၊ ကိုယ်တိုင်စူး ထိုး စိုက်ပျိုးပြီး တကုန်းကုန်း အသက်မွေးရတဲ့ ဆင်းရဲသား လူတန်စားတို့ဟာ အကျိုးစီးပွားချင်းမကိုက်ညီတဲ့အတွက် နောက်ပိုင်း လည်ရာစား လုပ်ကြရင်း တိုက်ရိုက်ဒီမိုကရေစီစနစ် မှေးမှိန်ကွယ်ပျောက်ခဲ့ရပါတယ်။
အင်္ဂလန်မှာ စက်မှုတော်လှန်ရေး အကျိုးဆက်အဖြစ် စက်မှု အရင်းရှင်စနစ်ထွန်းကားလာတယ်။ စက်ရုံတွေပေါပါရဲ့ ကုန်းကြမ်း၊ လောင်စာ၊ ကုန်ချောဈေးကွက်၊ လုပ်ခသက်သာတဲ့ အလုပ်သမားတွေ လိုအပ်လာပါတယ်။တစ်ဖက်မှာ ဘုရင်တွေကလည်း အရင်းရှင်တွေကို အခွန်အကောက်၊ ဥပဒေတွေနဲ့ ဖိနှိပ်လာလို့ အင်္ဂလန်မှာ ဘူဇွာတော်လှန်ရေး ပေါ်ခဲ့ရတယ်။ နောက်ဆုံး အရင်းရှင်တွေ အလိုကျ ပါလီမန်လွှတ်တော်တွေတည်ထောင်ပြီး ပါလီမန်မှာ အရွေးခံရသူတွေက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာရပ်ကြီးတွေ ကျင့်သုံးနိုင်ကြတယ်။ ဥရောပ မှာလည်း ဒီပုံစံ ဖြစ်လာတယ်။ အင်္ဂလန်ပါလ်ီမန် မှာမဲဆန္ဒ နယ် အလိုက် အရွေးခံရတဲ့ အမတ် တွေ နဲ့ ဖွဲ့ စည်း ပေမယ့် အထက်လွှတ်တော်(House of Lords ခေါ် မှူးမတ်လွှတ်တော်) က အမတ် ငါးရာကျော်ကိုလူထုက မရွေးရပါဘူး။ ဘုရင်(ဘုရင်မ) ကရွေးခန့် ပါတယ်။
အင်္ဂလိပ် (ဗြိတိသျှ) လူမျိုးတွေ က သူတို့ ပါလီမန် ဒီမိုကရေစီစနစ်လို့ ခေါ်ကြပါတယ်။ တိုက်ရိုက် ဒီမိုကရေစီ လုပ်လို့ မရတော့ဘူး။ လူဦးရေကများလွန်းလာပြီး ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမိးမှန်သမျှ ပါဝင် ခွင့် ရှိလာတဲ့အတွက် တိုက်ရိုက်ဒီမိုကရေစီမလုပ်သာ၊ မလုပ်နိုင်လို့ သွယ်ဝိုက် ကိုယ်စားပြု ဒီမိုကရေစီဆိုတာကတော့ သဘာဝ ကျပါတယ်။ သို့သော်လည်းအင်္ဂလိပ် အရင်းရှင်တွေဟာ ကမ္ဘာ့နိုင်ငံ တွေမှာရှိတဲ့ ကုန်ကြမ်းလောင်စာ၊ လုပ်ခ သက်သာတဲ့ လုပ်အား၊ ကုန်ချောဈေးကွက်ရရှိဖို့ မတော်လာဘ ကြီးစွာနဲ့ နိုင်ငံတွေကိုကျူုးကျော် ကျွန်ပြု သွေးစုပ် လာခဲ့ပါတယ်။