နိုင်ငံတော်က လက်တွန်းထွန်စက်နှင့် မျိုးစပါးများ ပံ့ ပိုးပေးလျက်ရှိရာ ...........
ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသည့် အမျိုးသား သဘာဝဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ အစိုးရ အဖွဲ့ ရုံး၊ ညွန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပဂ္ဂိုလ်များလိုက်ပါလျက်ယနေ့နံနက် ၈နာရိတွင် ပိုသိမ်မြို့မှ မော်လမြိုင်ကျွန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိသည်။
ထို့ နောက်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ အားနယ်မြေတပ်ရင်းခန်းမ ဆောင်၌ မော်လမြိုင်ကျွန်း မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကိုအနီး ကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွန့် ကမော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် စားရိက္ခာ အပါအ၀င်ပံ့ပိုးစ္စည်း များထောက်ပံ့မှု၊ မျိုးစပါးများလိုအပ်ချက်နှင့်ရ ပြီးသောမျိုးစပါးများကို တောင်သူလယ်သမားများအား ဖြန့် ဝေပေးထားမှု၊ လက်တွန်း ထွန်စက်များရောက်ရှိမှု၊ မိုးစပါး စိုက်ပျိုး ရေးအတွက် ထွန်ယက်မှု၊ ပျိုးထောင်မှု နှင့်
စိုက်ပျိုးမှု အခြေ အနေများ၊ အခြေခံပညာကျောင်းများပျက်စီးမှုများကို ပြန်လည်ပြင် ဆင် မှုများနှင့် ကျောင်း များ အားလုံး ပြန်လည်ဖွင့် လှစ် စာသင်ကြားနေမှု များ ၊ ပျက်စီးသည့် ဆေးရုံး ဆေးခန်းများပြုပြင်ပြီးစီးမှု၊
ရုပ်မြင်သံကြားအစီအစဉ် များ ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ရေးအတွက်ထပ် ဆင့် လွှင့် စက်တပ်ဆင်ပြီးစီးမှုများ အပါအ၀င် မော်လမြိုင်ကျွန်းမြို့နယ်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အဖွဲ့ ၀င်အဖြစ်လိုက်ပါလာသည့်ဝန်ကြီးများက မော်လမြိုင်ကျွန်းမြို့နယ် အပါအ၀င် ဧရာဝတီတိုင်း
အတွင်းရှိ လေဘေးသင့်ဒေသများပြန်လည် ဖွံ့  ဖြိုးတိုးတက်လာရေး အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည့်အစိအစဉ်ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မှာကြားရာတွင် ဧရာဝတီ တိုင်း မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးသည့် စိုက်ပျိုး မြေ ဧက မှာ ဧရာဝတီတိုင်း အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသည့် စိုက်ပျိုး မြေဧက မှာ ဧရာဝတီတိုင်းတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက အနည်းစုသာဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ဆုံးရှုံး သွားသည့်ကျွဲ ၊ နွား များအစား လက်တွန်း ထွန်စက်များဖြင့် ထွန်ယက်စိုက်ပျိုး နိုင်ရေး၊ မျိုးစပါးရရှိရေး အပါအ၀င် လယ်ယာ ကဏ္ဍာအတွက် လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိကြောင်း။
ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် မိမိခရိုင်၊ မြို့နယ်အလိုက် စိုက်ဧက များအပြည့်အ၀ စိုက်ပျိုးနိုင်ရေး ၊
အထွက်နှုန်း တိုးတက်ရေး တို့ အတွက် လိုအပ်သည်များကိုကွင်း ဆင်း ကြီးကြပ် ကူညီဆောင်ရွက်သွားကြရမှာ
ဖြစ်ကြောင်း ။
လေဘေးသင့် ကြောင့် အိုးအိမ်မဲ့ သွားသည့်လေဘေးသင့် ပြည်သူများအတွက် လည်း ရေရှည် နေထိုင်မည့် အခိုင်အမာ နေအိမ် များကို နိုင်ငံတော်၏ ထောက်ပံ့ ၊ အားပေးမှု ဖြင့် သက်ဆိုင်ရာကုမ္မဏီများ၊ စေတနာရှင်များ ဆောက်လုပ်ပေး လျက်ရှိကြောင်းiသတင်းရရှိပါသည်။

0 comments:
Post a Comment