မြန်မာနိုင်ငံတွင် မေလဆန်းက တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအချို့တို့၌ ပြည်သူများ၏ အသက်အိုးအိမ်များအပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လုပ်ငန်းများ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး ခဲ့ရသည်။
နိုင်ငံတော်က လေဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေး၊ ပြည်လည်ထူထောင်ရေးနှင့် ရေရှည်သဘာဝဘေး အန္တ ရယ်ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေးအဆင့်လိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နိုင်ငံ ဘဏ္ဍာငွေအမြောက်အမြား ကျခံသုံးစွဲခဲ့ပြီးဖြစ်သည်။
ယခုအခါ နိုင်ငံတော်နှင့်အတူ စေတနာရှင်ပြည်သူများ၏ ထောက်ပံ့ကူညီမူဖြင့် လေဘေးသင့်ဒေသများ တွင်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ မိမိတို့ ဒေသ၌ ပြန်လည်နေထိုင်လျက်ရှိရာ မိမိတို့ ဒေသ၌ ပြန်လည်နေထိုင်လျက်ရှိသော ပြည်သူများအတွက် နေအိမ်၊ စားနပ်ရိက္ခာ ဖြည့်ဆည်းပေးရေး၊ကျန်မာရေး စောင့်ရှောက်မှုနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် လိုအပ်ချက်များကို စီမံဖြည့်ဆည်း ပေးလျက်ရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏ဦးဆောင်မှုဖြင့် လေဘေးသင့် ဒေသများ၌ နေအိမ်အဆောက်အအုံ ပြန်လည်တည်ဆောက်ရေုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိသကဲ့သို့လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ကောင်းမွန်ရေးအတွက်လည်း အချိန်နှင့်တစ်ပြေးညီပြု ပြင်ဆောင်ရွက် ပေးလျက်ရှိ သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းသစ်များဖောက်လုပ်ရာတွင် ပင်လယ်ပိုင်း ဒေသများ အထိ လမ်းအမြင့် ယူပြီးဆောင်ရွက်သွားမည်ဖြစ်ရာ ရေရှည် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပိုမို အကျိုး ဖြစ်ထွန်း စေမည်ဖြစ်သည်။
လေဘေးသင့် ဒေသများ နှင့် ပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရင်း ဆေးရုံးများကို အဆင့် တိုးမြှင့် ဖွင့်လှစ် ပေးသည်သာမကအခြေခံပညာများကိုလည်း အဆင့် မြှင့်တိုးမြှင့်ပေးခဲ့ ဒေသတစ်ခုလုံး၏ ပညာရေး၊ ကျန်မာရေး အဆင့်အတန်းများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။
သို့ ဖြစ်ရာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့၏ ပေါင်းစည်းညီညွတ်မှုစွမ်းအားနှင့်အတူ စေတနာရှင်၊ အလှူရှင်များက ငွေကြေးနင့် အခြားပစ္စည်းများ ထောက်ပံ့ကူညီမူဖြင့် ထောက်ပံ့ကူညီမှုဖြင့် အင်တိုက်အားတိုက် ပူးပေါင်း ဖော်ဆောင်လျက်ရှိရာ လေဘေးသင့်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်မှု ပိုမိုရရှိလာနေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။