တရုတ်နိုင်ငံ စင်းကျန်ပြည်နယ် အနောက်မြောက်ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွန်ခဲ့သည့် သောကြာနေ့မှ စတင်ပြီး သဲမုန်တိုင်း ကျရောက်မှုကြောင့် လေယာဉ်ခရီးစဉ်၂၇ခု ဖျက်သိမ်းခဲ့ရပြီး အခြားခရီးစဉ် ၁၀ခုကို ရွှေ့ဆိုင်းခဲ့ရကြောင်း မြို့ပြလေကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
သောကြာနေ့က စတင်တိုက်ခိုက်ခဲ့သည့် သဲမုန်တိုင်းသည် ပြည်တွင်းလေဆိပ် ငါးခုဖြစ်သည့် ရန်ကီ၊ ကာရှီ၊ အက်ဆူ၊ ကူကာနှင့် ကာလာဒေသများတွင် မြေမှုန့်များ လွင့်နေကြောင်း စင်းကျန်ပြည်နယ် မြို့ပြလေကြောင်း အုပ်ချုပ်ရေးဌာနက ပြောကြားသည်။
တနင်္ဂနွေနေ့ တစ်ရက်တည်း ဒေသအချို့တွင် သဲမှုန်များ လေထုအတွင်း ထူထပ်စွာ လွင့်နေမှုကြောင့် ရန်ကီနှင့် အက်ဆူဒေသအကြား လေယာဉ်ခရီးစဉ် ၇ခု၊ ကာရှီနှင့် ကူကာဒေသသို့ ပျံသန်းမည့်လေယာဉ်ခရီးစဉ် ၄ခုတို့အပါအဝင် လေယာဉ်ခရီးစဉ် ၁၁ခုဖျက်သိမ်းခဲ့ရသည်။