သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်အနီးတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သီရိလင်္ကာအစိုးရ၀န်ကြီး တစ်ဦးအပါအ၀င် အနည်းဆုံး ၁၂ ဦး သေဆုံးကြောင်း အရာရှိများက ပြောကြားသည်။

ကိုလံဘို မြို့တော်အပြင်ဘက် ကန်သီအားကစားကွင်း၌ နှစ်သစ်ကူးပွဲ အထိမ်းအမှတ်အခမ်းအနားသို့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဂျေယာရာ ဖာနန်ဒိုဖူလီတက်ရောက်စဉ် အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်သည်။
ကြေညာ

ယင်းမှာ သီးခြားခွဲထွက်လိုသည့် တမီးလ်ကျား သူပုန်များ၏ လက်ချက်ဖြစ်ကြောင်း သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
ကွယ်လွန်

ဝန်ကြီး ဂျေယာရာဖာနန်ဒိုဖူလီမှာ ယခုနှစ်အတွင်း ဗုံးခွဲလုပ်ကြံသဖြင့် သေဆုံးရသည့် ဒုတိယမြောက်ဝန်ကြီး ဖြစ်သည်။ ဇန်န၀ါရီ ၈ ရက်က ဗုံးခွဲတိုက်ခိုက်မှုတွင် အမျိုးသား တည်ဆောက်ရေးဝန်ကြီး ဒီအမ်ဒက်ဆာနာယကေး ကွယ်လွန်ခဲ့သည်။
တိုက်ခိုက်

သီရိလင်္ကာအစိုးရက တမီးလ်ကျားသူပုန်တို့နှင့် အပစ်အခတ်ရပ်စဲမှု ရုပ်သိမ်းအပြီး ရက်အတန်ကြာသည့်အခါ ယင်းသို့ သူပုန်တို့က ဗုံးခွဲတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သန္နိဋ္ဌာန်ချ

ထိုအချိန်မှစ၍ ယခုနှစ်အကုန် သို့မဟုတ် လာမည့်နှစ်အတွင်းတွင် ခွဲထွက်ရေးသမား ကျားသူပုန်များကို အပြတ်ချေမှုန်းရန် သီရိလင်္ကာအစိုးရက သန္နိဋ္ဌာန်ချကာအမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။