ဆိုမာလီယာနိုင်ငံ၏ မြို့တော်မိုဂါဒစ်ရှူး၌ အီသီယိုးပီးယားတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်တိုက်ခိုက်ရေးသမားများ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး နှစ်ရက်အကြာ ဗလီတစ်ခုတွင် လူသေအလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်။

အပြစ်ပြောဆို

ယင်းကိစ္စအတွက် ဒေသခံများက အစိုးရ၏ ကျောထောက်နောက်ခံပြုသော အီသီယိုးပီးယား တပ်ဖွဲ့ဝင်များအား အပြစ်ပြောဆိုလျက်ရှိကြသည်။

ဖြစ်ပွား

လွန်ခဲ့သောသီတင်းပတ်အတွင်း မြို့တော်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ၇၀ ခန့်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

ပြောကြား

တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ဆိုမာလီအစိုးရသည် ကိုယ့်အင်ကိုယ့်အားဖြင့် ကာကွယ်နေရကြောင်း ဝန်ကြီးချုပ် နူယာဟက်ဆန်ဟူစိန်က ပြောကြားသည်။

သေဆုံး

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အနီးပတ်ဝန်းကျင်ရှိ ပြည်သူသုံးဦးလည်း သေဆုံးခဲ့ရပြီး လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။