အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မြောက်ပိုင်း၌ ဧပြီ ၁၉ ရက်က အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်သဖြင့် အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်သည်။

ဖော်ပြ

ဧပြီ ၁၈ရက်မွန်းလွဲ ၁နာရီ ၄၅မိနစ်ခန့်က ဘဂ္ဂဒက်မြို့မြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်အတွင်း ၄င်းတို့သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအနီး လမ်းဘေးဗုံး ပေါက်ကွဲသဖြင့် နိုင်ငံစုံတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။

တိုက်ခိုက်

ယင်းနေ့နှောင်းပိုင်းတွင် ဆာလာဟူဒင် ပြည်နယ်၌ အစောင့်တပ်ဖွဲ့ဝင်များအနီး ကားတစ်စီးဖြင့် ဖြတ်သန်းလျက် ဖောက်ခွဲတိုက်ခိုက်သဖြင့် ဒုတိယတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း အခြားကြေညာချက်၌ ပါရှိသည်။

ထုတ်ပြန်

၂၀၀၃ခုနှစ် အီရတ်စစ်ပွဲ စတင်ကတည်းက အီရတ်၌သေဆုံးသည့် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၄၀၃၈ဦး ရှိသွားပြီ ဖြစ်ကြောင်း၊ သေဆုံးသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် ပိုမိုများပြားလာဖွယ်ရှိကြောင်း ပင်တဂွန် စစ်ဌာနချုပ်က သတင်းထုတ်ပြန်သည်။