ဆိုမာလီတွင် တိုက်ပွဲဖြစ်ပွား၊ အနည်းဆုံး၂၀သေဆုံး
လအတန်ကြာငြိမ်သက်နေခဲ့ရာမှ ဧပြီ ၂၀ ရက်တွင်ဆိုမာလီသောင်းကျန်းသူများနှင့် အီသီယိုးပီးယားတပ်ဖွဲ့များ အကြားစိန်ပြောင်းဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ အနည်းဆုံး ၂၀ သေဆုံးရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
တိုက်ပွဲမှာ မိုဂါဒစ်ရှူးမြို့ဒေသတွင် ပြင်းပြင်းထန်ထန်ဖြစ်ပွားသည်။ နှစ်ဖက်တပ်ဖွဲ့များသည် တပ်ကူများခေါ်ပြီးနောက် တနင်္ဂနွေနေ့စောစောပိုင်းတွင် ပြင်းထန်စွာတိုက်ခိုက်ကြသည်။ အထူးသဖြင့် တိုက်ပွဲသည် အက်စ်အိုအက်စ်ဆေးရုံတစ်ဝိုက်တွင် ပြင်းထန်ကြောင်းသိရသည်။
စိန်ပြောင်းကျည်တစ်လုံးသည် ဆေးရုံအနောက်ပိုင်းရှိ အိမ်တစ်လုံးပေါ်သို့ကျရောက်ပေါက်ကွဲရာ ထိုအိမ်ရှိသက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဇနီးနှင့်ကလေးသုံးဦးမှာ ဒဏ်ရာရရှိသွားသည်ဟု အမည်မဖော်လိုသူ ဆေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။
တိုက်ပွဲအတွင်းဒဏ်ရာရရှိသူအများအပြားကို ဒေသရှိဆေးရုံများ၌ ဆေးဝါးကုသပေးနေရသည်။ သေဆုံးသူများတွင် လက်နက်ကိုင်ခုနစ်ဦးနှင့် အီသီယိုးပီးယားတပ်ဖွဲ့ဝင်နှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောကြားသည်။
0 comments:
Post a Comment