လက်နက်များလက်ဝယ်ထားရှိမှုနှင့် အကြမ်းဖက်သမားများအား ခိုလှုံခွင့်ပေးမှုအတွက် ဒေသဆိုင်ရာ ဂျီမတ်ခ်ျအစ္စလမ္ပာစ် (ဂျေအိုင်) အဖွဲ့ထိပ်တန်းခေါင်းဆောင် နှစ်ဦးအားဧပြီ ၂၁ ရက်တွင် အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ်၁၅နှစ်စီ ကျခံရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဖမ်းဆီး

အကြမ်းဖက်အုပ်စု အကြီးအကဲအဘူဒူဂျာနာကို ပြီးခဲ့သည့်နှစ်ကနိုင်ငံအတွင်း တိုက်ခိုက်မှု၊ လူအမြောက်အမြား သေဆုံးရမှုအတွက် အလိုရှိသူနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများသိမ်းဆည်းထားခြင်းကြောင့် လွန်ခဲ့သည့်ဇွန်လက ဖမ်းဆီးခဲ့သည်။
ဒူဂျာနာကိုဖမ်းမိသည့် တစ်ရက်တည်းတွင် ၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ်အတွင်း အကြမ်းဖက်အုပ်စု၏ ခေါင်းဆောင်ဟုဆိုသော ဇာကာဆစ်ကိုလည်း ဖမ်းဆီးခဲ့သည်။
၎င်းတို့ကို ဖမ်းဆီးရခြင်းမှာ ၂၀၀၂ခုနှစ်က ဗုံးပေါက်ကွဲမှုကြောင့် လူ၂၀၀ကျော် သေဆုံးရခြင်းနှင့် အင်ဒိုနီးရှားတွင် များစွာသောအခြားတိုက်ခိုက်မှု၌ အဓိကတရားခံများ ဖြစ်ခြင်းတို့ကြောင့်ဖြစ်သည်။