အီရတ်၌ သေဆုံးသည့်အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်း ၄၀၄၀ရှိပြီ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် မြောက်ဘက်ဆာလာဟူဒင်ပြည်နယ်အတွင်း လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း အမေရိကန်စစ်ဘက်က ဧပြီ ၂၂ရက်တွင် ကြေညာသည်။
ဗုံးခွဲတိုက်ခိုက်
ဆာလာဟူဒင်ပြည်နယ်အတွင်း စစ်ဆင်ရေးများ ဆင်နွှဲစဉ် အမေရိကန်တပ်ဖွဲ့ဝင်များမှာ ဧပြီ၂၁ရက်က လမ်းဘေးဗုံးခွဲတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။
သေဆုံး
အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၂၀၀၃ခုနှစ်က စတင်ခဲ့သော အီရတ်စစ်ပွဲအတွင်း သေဆုံးသည့် အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်းမှာ ၄၀၄၀ရှိသွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။
0 comments:
Post a Comment