ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဧပြီ ၂၅ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်း သတင်းစာများက ရေးသားဖော်ပြသည်။
အဆိုပါပေါက်ကွဲမှုမှာ ပါရှာဝါမြို့မှ ကီလိုမီတာ ၆၀ခန့်အကွာ မာဒန်မြို့ရှိ ရဲဌာန အနီး၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦိး၊ ဟိုတယ်ပိုင်ရှင် တစ်ဦးနှင့် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း ၊
ဒဏ်ရာရရှိသူများကို မန်ဒန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ခုနှစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ ကပြောကြားသည်။ဗုံးပေါက်ကွဲမှုမှာ အင်အားပြင်းထန်သော ကားဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသည့် အသံမှာ မန်ဒန်မြို့တစ်မြို့လုံးလွှမ်းမိုးသွားကြောင်း ၊ရဲဌာန အဆောက်အဦးအနီးတွင် ဗုံးပေါက်ကွဲ ခြင်းဖြစ်ကြောင်း၊ အနီးအနားရှိ ဈေးဆိုင် ၁၅ ဆိုင်မှာလည်း ပျက်ဆီးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။