မော်ကိုနိုင်ငံ ကာဆာဘလန်ကာမြို့ရှိ မွေ့ရာစက်ရုံတွင် ဧပြီ၂၆ရက်က မီးလောင်မှုဖြစ်ပွားရာ မီးသတ်သမားများ မီးငြှိမ်းသတ်နေစဉ်။

မော်ရိုကိုနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သော ကာဆာဘလနကာရှိ မွေ့ရာစက်ရုံတွင် စနေနေ့က မီးလောင်မှုဖြစ်ပွားရာ သေဆုံးသူဦးရေ ၅၅ဦးအထိရှိပြီဖြစ်ကြောင်း မက်သတင်းဌာနက ဖော်ပြသည်။
ဒေသဆိုင်ရာအာဏာပိုင်များက မူလခန့်မှန်းသေဆုံးသူဦးရေ ၂၅ဦးမှတိုးလာခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။
အစောပိုင်းက သေဆုံးသူ၂၅ဦးရှိပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ဒဏ်ရာရရှိသူ ရှစ်ဦးရှိကြောင်း မက်သတင်းဌာနက ဖော်ပြခဲ့သည်။
မော်ရိုကိုနိုင်ငံ၏ စီးပွားရေးမြို့တော် မြောက်ဘက်အနီးရှိ ဟေးဟာဓာနီတွင် မွေ့ရာစက်ရုံ၏ ကြမ်းပြင်မှ နံနက်၁၀နာရီတွင် စတင်လောင်ကျွမ်းကြောင်း ဆက်လက်ဖော်ပြသည်။
မီးလောင်သောအချိန်တွင် စက်ရုံအလုပ်သမားအသစ် ၆၀ခန့်ရှိနေကြောင်း၊ မီးသတ်သမား၁၀၀ခန့်က မီးငြှိမ်းသတ်နိုင်ရန် ကြိုးစားခဲ့ကြောင်း၊ မီးလောင်ရခြင်း၏ အကြောင်းအရင်းကို စုံစမ်းလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။