ဂျာမနီနိုင်ငံ လေကြောင်းပြပွဲတွင် လူအုပ်အတွင်း လေယာဉ်ပျက်ကျပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်။

ဂျာမနီနိုင်ငံအရှေ့ပိုင်းရှိ အီဆီနော့ခ်ျမြို့အနီး ကင်ဒယ်လေယာဉ်ကွင်းတွင် ဧပြီ၂၆ရက်က လေကြောင်းပြပွဲပြုလုပ်ရာမှ လူအုပ်အတွင်းသို့ လေယာဉ်ပျက်ကျသောကြောင့် ၄၅နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား၁၀ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းမတော်တဆမှုတွင် လေယာဉ်မှူးလည်း ဒဏ်ရာရရှိခဲ့သည်။
အသက်၉နှစ်နှင့် ၁၄နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ၁၀ဦးဒဏ်ရာရရှိသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းကို မသိရှိရသေးချေ။ ၄င်းလေယာဉ်သည် ချက်နိုင်ငံလုပ် ဇက်-၃၇အမျိုးအစား တစ်ယောက်စီး လေယာဉ်ဖြစ်ကြောင်း ဂျာမန်သတင်းဌာနက ပြောကြားသည်။