အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းခို့ပြည်နယ်တွင် ဧပြီ၂၆ရက်က လမ်းဘေးဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် လူလေးဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိသူက ပြောကြားသည်။
ဧပြီ၂၅ရက်ကလည်း ပက်တီယာပြည်နယ် ဝါဇီခရိုင်တွင် တော်တဆဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ၄င်း၏ယာဉ်မောင်း သေဆုံးခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ်၌ တာလီဘန်များ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ၄၀၀ကျော်သေဆုံးခဲ့ရသည်။