တိုကျိုမြို့ကုန်တိုက်၌ လူရှစ်ဦး ဓားထိုးခံရ တစ်ဦးသေဆုံး
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လူသွားလူလာများပြားရာ ကုန်တိုက်တစ်ခု၌ အသက် ၂၄နှစ်ရှိ အမျိုးသား တစ်ဦး မတ် ၂၃ရက်က ဈေးသွားဈေးလာ ရှစ်ဦးကို ဓားဖြင့်ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ အခင်းဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦးကို ဓားဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ခဲ့ရသည်။ တိုကျိုမြို့ အရှေ့မြောက်ဘက် ၃၁မိုင်အကွာရှိ စူချီရာအရပ်တွင် မသင်္ကာမှုဖြင့် ရဲတပ်ဖွဲ့က လူတစ်ဦးကို ဖမ်းဆီးလိုက်သည်။ ၄င်းမှာ အခြားလူသတ်မှုတစ်ခုဖြင့်လည်း ရဲက အလိုရှိနေသူဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။
0 comments:
Post a Comment