နိုင်ဂျီးရီးယားရေတပ်စခန်း မီးလောင် ရေတပ်သားနှစ်ဦးထက်မနည်း သေဆုံး၊.................................
နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသတွင် မတ်၂၁ရက်က နိုင်ဂျီးရီးယား ရေတပ်စခန်းတစ်ခုလုံး မီးလောင်မှုဖြစ်ရာ ရေတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်းသေဆုံးပြိး ရေယာဉ်လေးစင်း မီးလောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ နိုင်ဂျီးရီးယားရေတပ် ပတ်ဖင်ဒါဆိပ်ခံတံတား၌ နံနက် ၉နာရီခန့်တွင် ၀ါယာရှော့ကြောင့် မီးလောင်ပေါက်ကွဲမှု ဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုသည် အဖျက်သမားလက်ချက် မဟုတ်ကြောင်း ပို့ဟာကုတ်ရှိ ကြည်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆာဂျာမူဆာက ပြောကြားသည်။ ထိုပေါက်ကွဲမှုတွင် ရေတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ရေယာဉ်လေးစင်း ပျက်စိးသွားသည်။ နိုင်ဂျာမြစ်ဝှမ်းဒေသသည် အာဖရိက၏ အကြီးဆုံး ရေနံလုပ်ငန်း ဒေသဖြစ်ပြီး တစ်နေ့လျှင် ရေနံစည် ၂ ဒသမ ၁သန်းကို တင်ပို့လျက်ရှိသည်။ ထိုဒေသ၌ ရေနံအလုပ်သမားများကို အဓမ္မဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခြင်း၊ လက်နက်ကိုင် ဓားပြတိုက်ခြင်းနှင့် ရေနံစိမ်းမှောင်ခို ထုတ်ခြင်းတို့ကို မကြာခဏ ကြုံတွေ့ရလျက်ရှိသည်။
0 comments:
Post a Comment