လုပ်ဖော်ကိုင်ဖက်တစ်ဦးကို သတ်မှုဖြင့် ကနေဒါအမျိုးသမီး ထောင်သုံးနှစ်ခွဲကျ
ကနေဒါနိုင်ငံမှ အမျိုးသမီးတစ်ဦးက ၄င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အမေရိကန်တစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံတရားရုံးတစ်ရုံးက ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်လိုက်သည်။ ၄င်းအမျိုးသမီးသည် ဟာဝိုင်ယီတွင် လိမ်လည်မှု အမျိုးမျိုးဖြင့် စွပ်စွဲခံရသူ တစ်ဦးဖြစ်သည်။ ၄င်းသည် အသက် ၅၀ရှိ မာဂရက်ကရိန်း ဖြစ်သည်။ ၄င်းက လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် ၅၆နှစ်ရှိ ဂျော့ဂ်ျ၊ ပက်ထရစ်ဒူဘီနှင့် ချင်းမိုင်ဒေသရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ရန်ဖြစ်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ်နှစ်နှစ်နှင့် ပစ္စတိုသေနတ်လက်ဝယ် ကိုင်ဆောင်မှု တို့အတွက် ထောင်ဒဏ် တစ်နှစ်ခွဲ စသည်ဖြင့် စုစုပေါင်း ထောင်ဒဏ်သုံးနှစ်ခွဲ အပြစ်ပေးခံရသည်။ တရားခံဖြစ်သူသည် စွပ်စွဲချက်အတိုင်း ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း၊ သို့ရာတွင် ၄င်းသည် ရိုက်နှက်ခံရပြီးမှ သတ်ဖြတ်ခြင်း ဖြစ်သည်ဟု တရားရုံးမှ တရားသူကြီး သာနာကွန်ပူ ဆာယာပိုင်ဘွန်းက ပြောကြားသည်။
0 comments:
Post a Comment