အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တောင်ဘက်တွင် မတ်၂၁ရက်က မော်တာများ၊ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိကြောင်း အမေရိကန်စစ်ဘက်က စနေနေ့တွင် ပြောကြားသည်။ အီရတ်စစ်ပွဲစတင် ဖြစ်ပွားချိန်မှ ယနေ့အထိ အီရတ်နိုင်ငံတွင် သေဆုံးသော အမေရိကန်တပ်ဖွဲ့ဝင် ဦးရေမှာ ၃၉၉၃ဦး ရှိပြီ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည်။