နီပေါ၌ကုလသမဂ္ဂရဟတ်ယာဉ်ပျက်ကျ
နီပေါနိုင်ငံ အလယ်ပိုင်းရှိ တောင်ထူထပ်သော ဒေသတွင် မတ် ၃ ရက်က ကုလသမဂ္ဂ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၁၀ ဦး သေဆုံးခဲ့သည်။ ကုလသမဂ္ဂရဟတ်ယာဉ် အမှတ် ၃၀၁ သည် ခတ္တမန္ဒူမြို့ အရှေ့ဘက် ကီလိုမီတာ ၄၀ ခန့်အကွာတွင် တောင်နှင့်တိုက်မိပြီးပေါက်ကွဲပျက်စီးခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။ အခင်းဖြစ်ပွားရာဒေသမှ အလောင်း ခုနစ်လောင်းကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ပျက်ကျရခြင်းအကြောင်းရင်း မသိရှိရသေးချေ။ မတ် ၃ ရက်က ရာသီဥတုဆိုးရွားပြီး မိုးရွာသဖြင့် ကုန်သွယ်မှုနှင့် ဆိုင်သော လေယာဉ်အများအပြား ပျံသန်းခွင့် မပြုရန် အသိပေးတားဆီးခဲ့သည်။
0 comments:
Post a Comment