အမေရိကန်နိုင်ငံ ဂျော်ဂျီလာ ပြည်နယ်တွင် ကျောင်း သူ၊ကျောင်းသား ၂၇ ဦး တင်ဆောင်လာသော ဘတ်စ်ကား
တစ်စီး တနင်္လာနေ့နံနက်ပိုင်းက တိမ်းမှေက်မှုဖြစ်ပွား ရာလိုက်ပါသူ အားလုံး ဒဏ်ရာရရှိသွားကြောင်း ပြည်တွင်း
ရုပ်မြင်သံကြားလိုင်းတစ်ခုကကြေညာသွားသည်။
ကားက ချဲရိုကီခရိုင်အတွင်း၌ရှိသော ကျောင်းနှစ်ကျောင်းဆီသို့ သွားနေစဉ် အတ္တလန္တာ၏ မြောက်ဘက် ၂၂
ကီလိုမီတာနီးပါးသို့ အရောက် ယာဉ်မောင်းက ကားကိုမထိန်းသဖြင့် တိမ်းမှောက်သွားရခြင်းဖြစ်သည်ဟု အာဏာ
ပိုင်တို့က ဒဗလျူအက်စ်ဘီတီဗွီသို့ပြောကြားသည်။
ပဏာမစုံစမ်းစစ်ဆေး ပြုရာတွင် ဘတ်စ်ကား၏ညာဘက်တာယာများက ပလက်ဖောင်းပေါ်သို့ ကျွတ်ထွက်သွားရာ ယဉ်မောင်းက အစိုးရိမ်လွန်သည့်အတွက် မှောက်သွားရခြင်းဖြစ်သည်ဟု တွေ့ရှိရကြောင်း ခရိုင်ရဲအရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြားသည်။
သို့သော် ကျောင်းသူ၊ကျောင်းသား၂၇ ဦး စလုံး ဒဏ်ရာပြင်းထန်ခြင်းမရှိဟု တာဝန်ရှိသူများကပြောကြားသည်။