ထိုင်းတောင်ပိုင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
ထိုင်းနိုင်ငံတောင်ဘက်စွန်းရှိ နာရာသီဝပ်ပြည်တွင် မတ် ၄ ရက် မွန်းလွဲပိုင်ကသောင်းကျန်းသူများ၏ ဗုံးဖောက်ခွဲမှုကြောင့် ထိုင်းတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသည်။
ဒေသစံတော်ချိန် ညနေ ၃နာရီ ၁၀မိနစ်က တက်ခ်ဘိခရိုင်ရှိ ဘန်ကို့ခ်ျဆရီဖန်ဂန်ကျောင်းဝန်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကျောင်းဆရာများ၏ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်။ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရှိသူ တပ်ဖွဲ့ဝင်နှစ်ဦးလုံးအား အနီးဆုံးဆေးရုံသို့ တင်ပို့ခဲ့သည်။
0 comments:
Post a Comment