အင်ဒိုနီးရှားသို့အက်ဖ်၁၆တိုက်လေယာဉ်များရောင်းချရေး
အင်ဒိုနီးရှားနိုင်ငံ ဗဟိုအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၏ အက်ဖ်၁၆ ဖန်လ်ကွန်တိုက်လေယာဉ်များ ရောင်းချရန် ကမ်းလှမ်းမှုအား သတိထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက တနင်္လာနေ့တါင် သတိပေးလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းအဖွဲ့(၁)မှ ကိုယ်စားလှယ် ပါးမားဒီက ရှုထောင့်မျိုးစုံမှ စဉ်းစားပြီး အထူးသဖြင့်ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ရန် ခြိမ်းခြောက်မှုမျိုးကို လုပ်လာနိုင်ခြင်းအား စဉ်းစားမိ၍ အမေရိကန်လုပ် အက်ဖ် ၁၆ တိုက်လေယာဉ်များ ၀ယ်ယူရေးကို ၄င်းတို့အဖွဲ့က ထောက်ခံမည်မဟုတ်ကြောင်းပြောကြားသည်ဟု အန်တာရာ သတင်းဌာနက ကြေညာသည်။ ယင်းအဖွဲ့သည် နိုင်ငံ၏ ကာကွယ်ရေး၊ ပြန်ကြားရေးနှင့် နိုင်ငံခြားရေးကိစ္စများကို တာဝန်ခံရသည်။ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ၄င်းတို့ပေါ်လစီကို ထောက်ခံသူနှင့် ဆန့်ကျင်သူ နိုင်ငံများအား ခွဲခြားဆက်ဆံကြောင်း ပါးမားဒီက ထပ်လောင်းပြောကြားသည်။ အကယ်စင်စစ် အခြားနိုင်ငံများမှ ထုတ်လုပ်သော တိုက်လေယာဉ်များ ဥပမာ ဘရာဇီးနိုင်ငံမှ ထုတ်လုပ်သော တိုက်လေယာဉ်များသည် လုံးဝကောင်းမွန်ကြောင်း၊ ရောင်းချခြင်းမှ တားမြစ်ပိတ်ပင်မှုမျိုးမည်သည့်အချိန်မှ လုပ်မှာမဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံလေတပ်၏ တိုက်ခိုက်ရေး စွမ်းရည်မြင့်မားလာစေရန် ရုရှားနိုင်ငံလုပ် ဆူခွိုင်းတိုက်လေယာဉ်များ ၀ယ်ယူရေး စီမံချက်အား ဆက်လက်အကောင်အထည်ဖော်ရန် အဖွဲ့(၁)က ထောက်ခံမှုပေးထားသည်။ အဖွဲ့(၁)မှ အခြားအဖွဲ့ဝင်တစ်ဦးက အမေရိကန်နိုင်ငံ၏ ကမ်းလှမ်းချက်နောက်ကွယ်မှ အကြောင်းရင်းကို စူးစမ်းလေ့လာသင့်ကြောင်း ပြောကြားသွားသည်။
0 comments:
Post a Comment