တူရကီနိုင်ငံ မြို့ကြီးများ၌ ကာ့ဒ်နွေရာသီပွဲတော် ကျင်းပစဉ်ကာလအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အကြမ်းဖက်မှုများဖြစ်ပွားခဲ့ကြောင်း မတ် ၂၂ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာတွင် ဒါဇင်ပေါင်းများစွာ ထိခိုင်ခဲ့ပြီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ယင်းအကြမ်းဖက်မှုသည် အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်ပြီး၊ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံး၍ ဗုံးခွဲတိုက်ခိုက်ခဲ့ရ သည်ဟု ဆိုသည်။ ဆန္ဒပြသူများက ကာ့ဒ်သူပုန်များအား ထောက်ခံသည့် ကြွေးကြော်သံများကို ကိုင်ဆောင်လျက် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။