သီရိလင်္ကာ ကင်းလှည့်ရေယာဉ် မိုင်းထိပေါက်ကွဲ၍ နစ်မြုပ်
သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ပိုင်း ကျွန်းတစ်ကျွန်း၏ ကမ်းလွန်၌ မတ်၂၂ရက်က သီရိလင်္ကာ ကင်းလှည့် ရေယာဉ်တစ်စင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်ဖွဲ့ဝင် ၁၀ ဦး ပျောက်ဆုံးနေကြောင်း အင်တာနက် သတင်းတွင် ဖော်ပြသည်။ အဆိုပါ ကင်းလှည့်ရေယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၁၆ဦး လိုက်ပါသွားကြောင်း၊ ၄င်းကင်းလှည့်ရေယာဉ်သည် ကျားသူပုန်များ ရေထဲတွင် ထောင်ထားသော မိုင်းထိမှန်ခဲ့ဖွယ်ရှိကြောင်း၊ သီရိလင်္ကာ ရေတပ်က ပြောကြားသည်။ ယင်းကင်း လှည့်ရေယာဉ်ကို တမီးလ်အသေခံ တိုက်ခိုက်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။ ၄င်းကင်းလှည့်ရေယာဉ် နစ်မြုပ်မှုသည် ဇန်န၀ါရီလက အပစ်အခတ် ရပ်စဲမှု ပယ်ဖျက်ခဲ့ပြီးနောက် နစ်မြုပ်ခဲ့သည့် ရေယာဉ်ဖြစ်သည်။

0 comments:
Post a Comment