ဂျပန် အငှားယာဉ်မောင်း သူကို သတ်မှုဖြင့် ကန်သင်္ဘောသားကိုဖမ်း
ဂျပန်နိုင်ငံရှိ အမေရိကန် ရေ တပ်စခန်း အနီးတွင် ဂျပန် တက္က စီ ဒရိုင်ဘာတစ်ဦး အသတ်ခံရသော အမှုနှင့် စပ်လျဉ်း ၍ အမေရိကန် ၀န်ထမ်းတစ်ဦးအားဖမ်းဆီးခဲ့ ကြောင်း ပြည်တွင်း သတင်းဌာနများက စနေနေ့တွင် ဖော်ပြကြသည်။ အမေရိကန် ရေတပ် သင်္ဘောအုပ်စု အာဏာပိုင်များက ၎င်းတို့၏ စစ်သားတစ်ယောက်သည် လူ သတ်မှု တစ်ခုတွင် ပါဝင် ပတ်သက်နေကြောင်း ဂျပန် ကာကွယ် ရေးဝန်ကြီး ဌာနသို့ စောစော ပိုင်းကအသိပေး ခဲ့ကြောင်းကာကွယ်ရေး ၀န်ကြီး ရှီဂီဂူအီရှီဘာကသောကြာနေ့ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။
အမေရိကန်စစ်သားသည် ၎င်းပိုင်ဟု ယုံကြည်ရသော ကြွေး ၀ယ် ကတ်ပြား ကို တက္ကစီအတွင်းတွေ့ သဖြင့် တက္ကစီ ဒရိုင်ဘာအား ဓားဖြင့် ထိုး ခဲ့သည်ဟုသံသယရှိကြောင်းယိုကိုဆူကာဆိပ်ကမ်းမြို့မှလာသောသတင်းများ ကပြောသည်။၎င်းသံသယရှိ သူ အမရိကန် သည် ယိုကိုဆူကာတွင် တပ်ချ ထားသော အမေရိ ကန်အမှတ်(၇) ရေတပ်ဖွဲ့ အေးဂျင့်မှ သင်္ဘောသားဖြစ်ပြီး ယခုလ စောစောပိုင်း ကတည်း က ပျောက်ဆုံး နေသည်ဟု ဆိုသည်။ဂျပန် တ္က စီဒရိုင်ဘာ မဆာကီတာကာ ရှိုကို ယိုကူဆူကာမြို့၏ လမ်းတစ် လမ်းပေါ်တွင် ရပ်ထားသော ကားပေါ်၌ ဓားဒဏ်ရာ များဖြင့် သေဆုံး နေ သည်ကို ဗုဒ္ဓဟူးနေ့ ည ၉နာရီ ကျော်ခန့် တွင်တွေ့ ရခြင်းဖြစ်သည်၊
0 comments:
Post a Comment