သင့်လျော်သော အတိုင်းအတာထက်ပို၍ အရက်သေ စာ သောက်သုံး သော အမျိုး သမီးများသည် ရင်သားကင်ဆာ ဖြစ်ရန် ၅၀ ရာခိုင်နုန်း အလေး သာကြောင်း ဗြိတိန် နိုင်ကျန်းမာ ရေး ဌာနက သတိပေးလိုက်သည်။ အစိုးရသည် လူလတ်ပိုင်း အရွယ်အမျိုး သမီးများကို ရည်ရွယ်၍ စတာလင်ပေါင်း ၁၀ သန်း (အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော်) ကုန် ကျသော ကြော်ငြာ လှုပ်ရှား မှုကိုစတင် ပြီဖြစ်ကြောင်း၊ အဆိုပါအမျိုးသမီးများသည် ၎င်းတို့၏ အရက်စွဲသည့်အတွက် ရရှိသော ဆိုးကျိုးကို လျှော့တွက် ထားပုံရကြောင်းဘီဘီက စနေနေ့ တွင် ကြေညာသွားသည်။ ကျန်းမာရေးဌာနုကဖြန့် ဝေသည့် အစီရင်ခံစာ တစ်စောင်တွင် တစ်ပတ် လျှင် အယ်လ်ကိုဟော ၁၄ ယူ နစ်ထက်ပိုသာက်သော အမျိုးသမီးများသည်ရင်သားကင်ဆာ ခံစားရမည်ဟုဖော်ပြပါ ရှိသည်။