အီရတ်နိုင်ငံကာဘာလာမြို့တွင် အသေခံဗုံးဖောက်ခွဲခဲ့မှု ၄၃ဦး သေဆုံးပြီး.......................
အီရတ်နိုင်ငံ ရှီးယိုက်လူမျိုးများနေထိုင်ရာ ကာဘာလာမြို့တွင် တနင်္လာနေ့က အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားရာ သေဆုံးသူဦးရေသည် ၄၃ ဦးအထိရှိလာပြီး လူ ၇၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးရရှိသော သတင်းများအရ သိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။ ကာဘာလာ ကျန်းမာရေးရုံးမှ အကြီးအကဲဖြစ်သူ အလာဟမ်မုက လူ ၄၃ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိသည်ဟု စောစောပိုင်းက ပြောကြားသည်။ အသေခံဗုံးဖောက်ခွဲသူ အမျိုးသမီးတစ်ဦးက လူစည်ကားရာ ကော်ဖီဆိုင်တွင် ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများတွင် အီရန်လေးဦး ပါဝင်ပြီး အခြားရှစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။ သို့ရာတါင် ကာဘာလာရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ဂိုရှာကာဂျော်ဒက်က အသေခံဖောက်ခွဲသည့် ဗုံးမှာ အိမ်လုပ်ဗုံးဖြစ်ကြောင်း ပြောကြားသည်။
0 comments:
Post a Comment